တာမိုးညဲမြို့ (Community Centre) ခန်းမတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများတိုးပွားလာ‌စေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပ

တာမိုးညဲ ဇူလိုင် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲ မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန်အတွက် စာပေဝါသနာရှင်  (Book Club)အသင်းများပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယနေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း‌ဆွေးနွေးပွဲတွင် တာမိုးညဲပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ် ခေါန်မိုင်က ဤကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်ရခြင်းမှာ စာပေဝါသနာရှင်များ၊ စာဖတ်ဝါသနာရှင်များတိုးပွားလာစေရန်၊ စာအုပ်စာစောင်များမှရရှိလာသည့် ဗဟုသုတများ အားစာဖတ်သူအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နှီးနှောဖလှယ်နိုင်စေရန်နှင့် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် (Book Club) အသင်းသားများမှတဆင့် ပြည်သူများထံသို့ ဗဟုသုတများပြန်လည်မျှဝေပေးနိုင်‌ကြစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြာခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသော (Book Club) ဥက္ကဋ္ဌ ဒေါ်ချောစုမြင့်၊ (Book Club)အဖွဲ့ဝင် ဒေါ်ဥမ္မာခင်နှင့် (Book Club)အဖွဲ့ဝင် မအေးလဲ့ရည်တို့က စာရေးဆရာအောင်သင်း၏ “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြ‌ကြောင်း သိရပါသည်။

ခေါန်မိုင် (တာမိုးညဲ)