သင်္ဃန်းကျွန်းမြို့နယ်၊ စွန်းလွန်းဂူဝိပဿနာ‌ကျောင်းတိုက်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

သင်္ဃန်းကျွန်း ဇူလိုင် ၂၁

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စွန်းလွန်းဂူဝိပဿနာကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို သင်္ဃန်းကျွန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်မှ လာရောက်ကြည့်ရှုခဲ့အား‌ပေးခဲ့ပြီး ရဟန်း၊  သာမဏေ၊ သီလရှင်၊ ယောဂီစုစုပေါင်း(၂၁၃)ဦးအား ပထမကြိမ်၊ ဒုတိယကြိမ်၊ Booster များထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့တို့မှ လိုအပ်သည်များဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစင်တာများဖွင့်လှစ်ထားရှိပေးပြီး နေ့စဉ်ပြည်သူများအား ကိုဗစ်(၁၉) ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)