စဉ့်ကူး ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက် (၅) နာရီခွဲအချိန်မှစ၍ ထုတ်ပေးလျက်ရှိသည်။
စဉ့်ကူးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (ပင်စင်) လစာထုတ်ယူသူ (၁၀၃၉) ဦးရှိပြီး ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် အုပ်စုများခွဲကာ နေ့ရက်သတ်မှတ်ပေး၍ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေး၊ မလိုလားအပ်သောပြဿနာများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း၊ ပင်စင်လစာငွေ ထုတ်ပေးခြင်းကို နေ့စဉ်ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် ထုတ်ပေးလျက်ရှိကြောင်း စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)