မြစ်ကြီးနားမြို့၌ အသိပညာပေးဟောပြောပွဲနှင့် သုတရသစာအုပ်များ လှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား ဇူလိုင် ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း နိုင်ငံ့ရတနာခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာအုပ်စာစောင် ဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် သုတရသစာအုပ်များ လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက အဖွင့် နုတ်ခွန်းဆက်စကားပြောကြားပြီး စာရေးဆရာမ ဒေါက်တာစန္ဒာလွင်က “ပန်းပဲရွာမှာ အပ်ရောင်းနိုင်အောင် ကြိုးစားကြရမည်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် စာရေးဆရာ အကြီးကိုကို(ကသာ)က “ရွှေရောင်လူငယ် ရွှေရောင်အနာဂတ် ရွှေရောင်တိုင်းပြည်” ခေါင်းစဉ်ဖြင့် ဟောပြောပြီး ငွေကျပ်တန်ဖိုး (၂)သိန်းရှိ သုတရသစာအုပ် ပေါင်း(၈၇)အုပ်ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ‌ ဟောပြောပွဲကို ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်စာကြည့် တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပ‌ကြောင်းနှင့် ကျောင်းသား‌၊ ကျောင်းသူဦးရေ ၂၀၀ ခန့် တက်ရောက် သည်။

ယော်ဆောင်(ပြန်/ဆက်)