ရှင်ဗွေယန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ " အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှင်ဗွေယန် ဇူလှိုင် ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြည်သူလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စာရေးဆရာ မောင်ခင်ခင်(ဓနုဖြူ) ရေးသားထားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမာချိုက "လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့ အရာများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် မ-ဖြင်းရွယ်စင်းမှ "ကံရာဇာငယ် အလှူမဏ္ဍ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် Book Club အဖွဲ့ဝင်တို့ ပူးပေါင်းပါဝင်ကာ ယခုကဲ့သို့ စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြင့် အနာဂတ်လူငယ်များသည် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှင်ဗွေယန်(ပြန်/ဆက်)