ကျောက်ဆည်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်

ကျောက်ဆည် စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သမန်းသာကျေးရွာနှင့် ကုန်းကြီးကျေးရွာများတွင်   ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဒေသဖွံ့ဖြိုးရေး (ကျန်းမာရေး) ရန်ပုံငွေများဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကျေးလက်ကျန်းမာရေးဌာနခွဲ ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်ရန်အတွက် Aung Win ကုမ္မဏီမှတင်ဒါအောင်မြင်၍ သမန်းသာကျေးရွာတွင် ငွေကျပ်သန်း(၃၀)ဖြင့် အလျား(၄၀)ပေ ၊အနံ(၃၈)ပေ အာစီတစ်ထပ်နှစ်ခန်းတွဲ အဆောက်အဦနှင့် ကုန်းကြီးကျေးရွာတွင် ငွေကျပ်သန်း(၃၀)ဖြင့် အလျား(၄၀)ပေ၊ အနံ(၃၈)ပေ အာစီတစ်ထပ်နှစ်ခန်းတွဲအဆောက်အဦတို့ကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် သမန်းသာကျေးရွာနှင့် ကုန်ကြီးကျေးရွာသည် ကျောက်ဆည်မြို့နှင့်အလှမ်း ကွာဝေးသောကျေးရွာများဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန် ကျေးရွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးနိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ဝန်ထမ်းအိမ်ယာများကို ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)