ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (MASK)များ အခမဲ့ဖြန့်ဝေ

 

ရပ်စောက်         စက်တင်ဘာ      ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(MASK)များ အခမဲ့ဖြန့်ဝေခြင်း ကို ယနေ့နံနက်(၉)နာရီက မြို့မ ဈေးလမ်း တစ်လျှောက်နှင့်ယာယီပျံကျဈေးတို့တွင် နှာခေါင်းစည်း (MASK)တပ်ဆင်မထားသော ဈေးရောင်း ဈေးဝယ်သူပြည်သူများ၊ လမ်းသွားလမ်းလာ ဖြတ်သန်း သွားလာသောပြည်သူတို့အား ဘန်ကောက်ဆေးဆိုင်မှ လှူဒါန်းသောနှာခေါင်းစည်း(MASK) (၈၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျန်းမာရေး အသိပညာပေး လှုံ့ဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးလှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်း(MASK)များအခမဲ့ ဖြန့်ဝေခြင်း တို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှဦးဆောင်ကာ ကျန်း မာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်း အဖွဲ့နှင့် ရပ်ကွက် အုပ်ချူပ် ရေးမှုး တို့က ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (MASK)များ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်း ကို ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)