မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေးTalk Show ကျင်းပ

ပုဗ္ဗသီရိ ဇူလိုင် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေးTalk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က မသန်စွမ်းသူများ၏ အခွင့်အရေးများအကြောင်း၊ မသန်စွမ်းသူများအတွက် ဥပဒေပြဌာန်းရခြင်း၏ရည်ရွယ်ချက်၊ မသန်စွမ်းသူအမျိုးအစား၊ အသန်စွမ်းသူများအတွက် ပြဌာန်းထားသည့် ဥပဒေပါအခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအကြောင်း၊ မသန်စွမ်းသူများ၏ ပညာသင်ခွင့် နှင့်ပတ်သက်၍ ဥပဒေပါအခွင့်အရေးများအကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပိုင်ခွင့်အကြောင်း၊ နိုင်ငံရေး နှင့် ပြည်သူ့ရေးရာနယ်ပယ်များတွင် ပါဝင်ဆောင်ရွက်ပိုင်ခွင့်များအကြောင်းနှင့် မသန်စွမ်းသူများ အပေါ် မသန်စွမ်းမှုအား အခြေခံပြီး ကျူးလွန်သည့် ပြစ်မှုများအပေါ် ဥပဒေအရ ကာကွယ်ပေးထားသည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို စုံလင်စွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများ၊ Talk Show အစီအစဉ်များ၊ စာအုပ်မိတ်ဆက်အစီအစဉ်များ၊ ပုံပြင်ပြောခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း  မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မျိုးသီဟ (ပြန်/ဆက်)