ဒဂုံအရှေ့ ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose(Covid Shield) ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံပြီးစီးရေး စက်မှုဇုန်များရှိ ဝန်ထမ်းများအား (၇)ရပ်ကွက်ဒေသန္တရ ကျန်းမာရေးဌာနတွင် ယနေ့နံနက်ပိုင်းအချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Booster Dose(Covid Shield)ကာကွယ်ဆေးကို ရာနှုန်းပြည့်ပြီးစီးရေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲတို့မှ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose(Covishield)ကို ယမန်နေ့တွင် စက်မှုဇုန်များအလိုက် စက်ရုံ(၇)ရုံမှဝန်ထမ်း စုစုပေါင်း(၂၀၇)ဦးအား ထိုးနှံပေးခဲ့ပြီးနောက် ၇ ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာနတွင် နေ့စဉ်မြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်