ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများထုတ်ပေး

ကွန်ဟိန်း ဇူလိုင် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊  မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားဝန် များ၏ ပင်စင်လစာငွေများကို  ယနေ့နံနက် (၉:၀၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ ဇူလိုင်လ   ၂၁ ရက် မှ ၂၈ ရက်နေ့ အထိ  နံနက် (၈:၀၀)နာရီ မှ မွန်းလွဲ (၂:၀၀)ထိ ထုတ်ပေး သွားမည်ဖြစ်ပြီး  အငြိမ်းစားဝန်ထမ်းပင်စင်လစာထုတ်ယူမည့် သူစုစုပေါင်း (၃၁၀)ဦး ရှိပါသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးခြင်းအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)