မန်တုံမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မန်တုံ ဇူလိုင် ၂၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ရွှေလီခန်းမဆောင်၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန်တုံမြို့နယ် အခြေခံအတက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောချောက စာစီစာကုံးပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)