မန်တုံ ဇူလိုင် ၂၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယမန်နေ့က အမျိုးသမီးအသင်း (Women Clup)နှင့် အမျိုးသားများနှင့် အမျိုးသမီးတို့၏ အခန်းကဏ္ဍကိုဆန်းစစ်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ဆွေးနွေးပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဒေါ်မာဘောင်(အမျိုးသမီးအသင်း)ဥက္ကဋ္ဌမှ ဖုံးကွယ်နေသော ယောက်ျား၊ မိန်းမဆိုင်ရာ ထင်မြင်ချက်များအား နားလည်စေရန်၊ ကျား၊ မဆိုင်ရာကဏ္ဍများအား အဆင်ပြေစွာ ပြုပြင်ပြောင်းလဲစေရန်၊ ဆန်းစစ်မှုလေ့လာမှုများ စတင်ဆောင်ရွက်တတ်စေရန်၊ ကျား၊ မ လုပ်ဆောင်မှုကဏ္ဍအာလုံး ပုံသေမဟုတ်ဘဲ မိမိတတ်စွမ်းမှုအလိုက်လုပ်ကိုင်ရေးကို ဆွေးနွေးအားပေးတိုင်တွန်းရန် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော အမျိုးသမီးအဖွဲ့ဝင်များက မေးခွန်းများမေးမြန်းကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။
မန်တုံ(ပြန်/ဆက်)