မိတ္ထီလာ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

မိတ္ထီလာ ဇူလိုင် ၂၁

မိတ္ထီလာ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွက်သည်။ အဆိုပါ Talk Show အစီအစဉ်တွင် ကလေးအလုပ်သမား အဓိပ္ပာယ်‌၊  ကလေးအလုပ်သမားများဖြစ်ရခြင်း အကြောင်းအရင်းများ၊ ကလေးများ လုပ်ကိုင်နိုင်သည့် အလုပ်များ၊ ကလေးအလုပ်သမားပပျောက်ရေး အမျိုးသားကော်မတီနှင့် ကော်မတီ၏ အဆင့်ဆင့်ဖွဲ့စည်းထားရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ စသည်တို့ကို ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးကြည်က အသိပညာပေးဆွေးနွေးသည်။ ဆက်လက်၍ ကလေးများ၏ အသက်ရှင်သန်ခွင့်ဆိုင်ရာ အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေး ၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အခွင့်အရေးနှင့် ပါဝင်ဆောင်ရွက်ခွင့်ဆိုင်ရာ အခွင့်အရေးများအကြောင်းကို  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများကို ဆောင်ရွက်သည့် ကျောက်ပန်းတောင်း-မိတ္ထီလာ ကွန်ရက်အဖွဲ့ (Upper KMN ) မှ တာဝန်ခံအရာရှိ ဦးစိုးမိုးကျော်က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချမ်းသာ