တွံ​တေးမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များအား Software ရိုက်သွင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်းအားကြည့်ရှု

တွံတေး ဇူလိုင် ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံ​တေးခရိုင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့်မြို့နယ်ဦးစီးမှူးရုံးတို့တွင် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များအား Software ရိုက်သွင်းခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

တွံတေးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း(၆၉၅၀၅)စုကို သတ်မှတ်ရက်(၄၅)ရက်အတွင်းမှာ Software ရိုက်သွင်းခြင်းလုပ်ငန်းပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိလုပ်ငန်းဆောင်ရွက်သည့်နေရာမှာလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်လဝကရုံးဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်းပြီး ကွန်ပျူတာ(၁၅)လုံးဖြင့် Software စာရင်းသွင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။

အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များအား Software ရိုက်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို တွံ​တေးခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးဦးထင်ကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကာ သတ်မှတ်ရက်အတွင်း လုပ်ငန်းများအချိန်မှီပြီးစီးရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။

တွံတေးသား