ကော့မှူး ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း သွားလာကြသူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းရှိ/ မရှိနှင့် နှာခေါင်းစည်း Mask မတပ်ဆင်သူများအားနှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်က တောင်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာကြသောမော်တော်ယာဉ်များ၊ ဆိုက်ကားများ၊ စက်ဘီးများ၊ ဂွန်ဒေါင်းများပေါ်တွင် စီးနင်းလိုက်ပါလာကြသည့် ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ