ဒလ ဇူလိုင် ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ဦးစီးမှူးရုံး၏ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ- ၆၆/၆)များအား ဆော့ဖ်ဝဲထည့်သွင်းခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ သတ်မှတ်ရက်အတွင်းလုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“အိမ်ထောင်စုလူဦးရေစာရင်း ၄၇၆၅၉ ခုကို သတ်မှတ်ရက် ၄၅ ရက်အတွင်းမှာ ဆော့ဖ်ဝဲ ထည့်သွင်းခြင်းလုပ်ငန်းပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယခုဆောင်ရွက်နေတဲ့လုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ဒလမြို့နယ်ဦးစီးမှူး ဦးအောင်သင်းကျော်က ရှင်းလင်းပြောကြားခဲ့သည်။
သီတာဝင်း (ပြန်ဆက်)