ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းဌားရမ်းပေး

ဒဂုံအရှေ့ ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ၀န်ထမ်းများသည် ယနေ့ နံနက် ၁၀ နာရီက မြို့နယ် စာရင်းစစ်ရုံးသို့ သွားရောက်၍ Mobile  Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ(အခမဲ့)ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ထိုသို့ ငှားရမ်းပေးခြင်း မဆောင်ရွက်မီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက Mobile  Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့် စပ်လျဉ်းသည်များကို စာဖတ်ပရိသတ်များအား ဦးစွာရှင်းလင်းပြောကြားပေး ခဲ့ပါသည်။

ထို့ကဲ့သို့ ရှင်းလင်းပြောကြားရာ၌ အကြောင်းအမျိုးမျိုးအားဖြင့်ဖြစ်စေ၊ အလုပ်မအားလပ်၍ဖြစ်စေ မိမိတို့၏မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဌာနဆိုင်ရာ စာဖတ်ပရိတ်သတ်များအနေဖြင့် စာပေကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်သူများစာပေဖတ်ရှုမှု အလေ့အကျင့်မှသည် စာဖတ်ရှိန်တိုးတက်မြှင့်မားလာ‌စေရေး၊ ပြင်ပဗဟုသုတများနှင့် ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာကဏ္ဍများအား လွယ်ကူအဆင်ပြေစွာ လေ့လာဖတ်ရှုနိုင်​ရေး၊ ခေတ်စနစ်အရ Online system ဖြင့် စာပေဖတ်ရှုလေ့လာနိုင်ကြသော်လည်း အခကြေးငွေကုန်ကျမှုရှိပြီး ဝန်ထမ်းများက Mobile library အနေဖြင့် စာဖတ်သူရှိရာသို့ သွားရောက်ခြင်းကြောင့် အချိန်နဲ့ငွေကုန်ကြေးကျမှုမရှိသော စနစ်ဖြစ်၍ ကွင်းဆင်းဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပေးခဲ့ပါသည်။၎င်းနောက် စာဖတ်သူများအား စာအုပ်စာပေ၊ သုတ/ရသမျိုးစုံတို့ကို ငှားရမ်းပေးခဲ့ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဌာနဆိုင်ရာ ရုံးများရှိဝန်ထမ်းများအတွက် သာမကမြို့နယ်အတွင်းရှိ ပြည်သူလူထု စာဖတ်ပရိသတ်များရှိရာသို့လည်း အပတ်စဉ်၊ လစဉ် Mobile Library လှည့်လည်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
 

ဝင်းအိမွန်(ပြန်/ဆက်)