ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲနှင့်ပုံပြောပြိုင်ပွဲ (ပထမဆု)ဂုဏ်ပြုဆုပေးအပ်ပွဲကျင်းပ

ရမည်းသင်း   ဇူလိုင်   ၂၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲနှင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှကြီးမှူးကျင်းပသည့် ပုံပြောပြိုင်ပွဲ(ပထမဆုရ)ရှိသည့် ကျောင်းသားအား ဂုဏ်ပြုဆုပေးအပ်ပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ဝန်ထမ်းသားသမီးများအား၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ပုံပြောပြိုင်ပွဲ(ပထမဆု)ရရှိသည့် ကျောင်းသားအား ဂုဏ်ပြုစကားပြော ကြားသည်။

ဆက်လက်၍ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် ရမည်းသင်းခရိုင်ပြန်/ဆက်၊ ဦးစီး အရာရှိဦးဖုန်းနိုင်၊ ပျော်ဘွယ်မြို့နယ်ပြန်/ဆက်၊ ဦးစီးအရာရှိဒေါ်စန်းစန်းကြူတို့က ဝန်ထမ်းသားသမီးဖြစ်ကြသည့် တက္ကသိုလ်ဆင့်ကျောင်းသား၊ ကျောင်းသူ(၅)ဦး၊ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၃)ဦးနှင့် မူလတန်းဆင့်ကျောင်းသား၊ ကျောင်းသူ(၂)ဦးတို့ကို ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသုံးဗလာ စာအုပ်များကိုထောက်ပံ့ပေးအပ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှကြီးမှူးကျင်းပသည့်ပုံပြောပြိုင်ပွဲ (ပထမဆုရ)ရှိသည့် ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် အမှတ်(၂) ပန်းစုံ အခြေခံပညာအထက်တန်းကျောင်း Grade-5ပညာသင်ယူနေသည့်မောင်မင်းခန့်ပိုင်အား ဂုဏ်ပြုမှတ်တမ်းလွှာကို ခရိုင်ဦးစီးမှူးက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)