မရမ်းကုန်း ဇူလိုင် ၂၀
လူငယ်များစာပေဖတ်ရှုလေ့လာပြီး ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၉:၃၀ နာရီက စာရေးဆရာမြေလတ်ထင်ကျော်မိုးနှင့် "လူငယ်နှင့်စာပေ" Talk Show ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန မရမ်းကုန်းမြို့နယ်ဦးစီးမှူးက ရှင်းလင်းပြောကြားပြီး စာရေးဆရာမြေလတ်ထင်ကျော်မိုးက အလိမ္မာစာမှာရှိဆိုသည့်ဆိုရိုးစကားအတိုင်း ယနေ့ခေတ်လူငယ်များ အသိအလိမ္မာရှိစေရန် စာပေကိုလေ့လာဖတ်ရှုကြစေလိုကြောင်း၊ စာပေမှတစ်ဆင့် အကျိုးအကြောင်း၊ အဆိုးအကောင်းကို မှန်ကန်စွာသိရှိနိုင်မည်ဖြစ်ကြောင်း၊ စာပေသည်ငြီးငွေ့နေလျှင် ပျော်ရွှင်မှုကိုပေးကြောင်း၊ စိတ်အားငယ်လျှင် တက်ကြွမှုကိုပေးကြောင်းနှင့် မာန်မာနလွန်ကဲနေလျှင် သတိနှင့်ယှဉ်စေကြောင်းအစရှိသည့် စာအုပ်စာပေဖတ်ရှုခြင်းကြောင့် ရရှိစေသည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြီး လူငယ်များစာများများဖတ်ကြရန် တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)