ဒဂုံမြို့နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်း လုံခြုံရေး ယာဉ်ကြောပိတ်ဆို့ စစ်ဆေးခြင်း ဆောင်ရွက်

ဒဂုံ စက်တင်ဘာ ၁၀

ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်၊ လိပ်ကန် ရှေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဇော်မင်းလွင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်တို့ကပူးပေါင်း၍ ယမန်နေ့ည၉နာရီကယာဉ်ကြောပိတ်ဆို့  စစ်ဆေး ဆောင်ရွက်ကြောင်းသိရသည်။

ယာဉ်စစ်ဆေးရာတွင် မြို့နယ်တာဝန်ရှိသူများက အများပြည်သူများ  စိတ်အေးချမ်းစွာနေနိုင်ရေး၊ ဒုစရိုက်မှုခင်းများမဖြစ်ပေါ်စေရေးနှင့် အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်နိုင်ရေးတို့ အတွက် ယာဉ်တင်လှည့်ကင်းဆောင်ရွက်ခြင်း၊ လမ်းတလျှောက်ဖြတ်သန်းသွားလာသော ယာဉ် များအား ရပ်တန့်စေပြီး ယာဉ်စည်းကမ်းဆိုင်ရာများ သိရှိစေရန် ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက်ခြင်း နှင့် နယ်မြေအေးချမ်းလုံခြုံရေးတို့အတွက် စစ်ဆေးကြောင်း သိရသည်။

ယင်းသို့စစ်ဆေးပေးခြင်းအားဖြင့် ယာဉ်အန္တရာယ် မတော်တဆဖြစ်မှုများနှင့်  အခြား မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန်  စုပေါင်း ဆောင်ရွက်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)