မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း (လက်ထောက်-၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဇူလိုင် ၁၉

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း (လက်ထောက်-၂) သင်တန်းအမှတ်စဉ် (၃၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊  ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကားပြောကြား ပြီး သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။ ၎င်းသင်တန်းကို သင်တန်းသားသင်တန်းသူ ၅၀ ဦး တက်ရောက်ခဲ့ ကြောင်း သင်တန်းကာလမှာ ရက်သတ္တပတ် ၁၂ ပတ် ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)