လားရှိုး စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ ၊ ချင်းရွှေဟော် မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ တစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၂၅)ဦး ၊ အမျိုးသမီး (၁၉)ဦး စုစုပေါင်း (၄၄ )ဦးတို့ကို ထပ်မံ ပို့ဆောင် ပေးနိုင်ခဲ့သည်။
အဆိုပါ နေရပ်ပြန် ပြည်သူ (၄၄)ဦး တို့တွင်ချင်းပြည်နယ်မှ(၄)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၂)ဦး ၊ မွန်ပြည်နယ်မှ(၂)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၃)ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ(၁၃)ဦး ၊ ပဲခူး တိုင်းဒေသကြီးမှ (၂)ဦး၊နေပြည်တော်မှ(၁)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁)ဦး ၊ရခိုင်ပြည်နယ်မှ(၁)ဦး ဧရာဝတီတိုင်းဒေသ ကြီးမှ(၅)ဦးတို့ဖြစ်ကြသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် မေလ(၆) ရက်နေ့မှ စတင်၍ ပို့ဆောင်ပေးလျက် ရှိရာတွင် စက်တင်ဘာလ(၁၀)ရက်နေ့အထိ နေရပ်ပြန် ပြည်သူအမျိုးသား(၉၈၀၁)ဦး ၊ အမျိုးသမီး (၆၂၀၆)ဦး စုစုပေါင်း (၁၆၀၀၇)ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး (ပြည်နယ်ပြန်/ဆက်)