အလုံမြို့နယ်၌ သွေးလွန်တုပ်​ကွေး ကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးမှုတ်ခြင်း​ ဆောင်ရွက်

အလုံ ဇူလိုင် ၁

ပြည်သူများ ခြင်မှတဆင့် ကူးစက်တတ်​သောသွေးလွန်တုက်​ကွေး​ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက်   ရန်ကုန် အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယ​​မန်နေ့  ည​နေ  ၄ နာရီခွဲက ခြင်​ဆေးမှုတ်ခြင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အလုံမြို့နယ် ကြက်​ခြေနီအသင်း၏ ဦး​ဆောင်မှုဖြင့်   အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းရှိ​ နေအိမ်များအတွင်းရှိ ခြင်ခို​အောင်းနိုင်​သောနေရာများအား ခြင်ဆေးမှုတ်ခြင်းကို  ကြက်ခြေနီ စေတနာ့ လုပ်အားရှင်များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့​သည်။

အလုံမြို့နယ် ကြက်​ခြေနီအသင်းအ​နေဖြင့် မိုးတွင်းရာသီကာလတွင် ခြင်​ကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက်   မြို့နယ်အတွင်းရှိ ခြင်ခို​အောင်းနိုင်​သောနေရာများ၊ စာသင်​ကျောင်းများ၊ နေအိမ်များတွင် ခြင်​ဆေးဖျန်းခြင်း လုပ်ငန်းများကို ကူညီ​ဆောင်ရွက်​​ပေးလျက်​ရှိ​ကြောင်း သတင်းရရှိသည်။

တင်တင်ချို (ပြန်/ဆက်)