တံတား ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးမှုကို ယမန်နေ့ နံနက်(၈)နာရီအချိန်က အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးမှုကို တံတားမြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်နော်အေးအေးမွန်က မိုးရာသီတွင် ဖြစ်ပွားတတ်သော တုတ်ကွေးရောဂါအကြောင်း သိကောင်းစရာများကို တိုင်းရင်းဆေးနည်းဖြင့် ကုသပုံများ၊ လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ၊ စားသုံးသင့်သော အစားအစာများအကြောင်းကို ရပ်ကွက်နေပြည်သူများအား အကျယ်တဝင့် ရှင်းလင်း ဟောပြောပြီးနောက် အထွေထွေရာဂါဖြစ်ပွားကြသော လူနာများအား ကြပ်ထုပ်ထိုးခြင်း၊ ဆေးစည်းခြင်း၊ ဆေးကပ်ခြင်းနှင့် သောက်ဆေးများပေးခြင်းကို မွန်မြတ်သော စေတနာဖြင့် ကုသဆောင်ရွက်ပေးခဲ့ရာ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ကျား (၁၀)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်း (၃၀)ဦးတို့ ဆေးကုသမှုခံယူခဲ့ကြကြောင်း သိရသည်။
မိုးဖြူလွင် (တံတား)