တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်း‌နေ အိမ်ရာ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

တောင်ဥက္ကလာပ ဇူလိုင် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ နေအိမ် RC (၃)ထပ် (၂၇၀၀)စတုရန်းပေ (၃၀×၃၀×၃၀) ပေတည်ဆောက်နေမှုနှင့် (၂)ခန်းတွဲ (၄)ထပ် (၅၁၀၀)စတုရန်းပေ (၅၁×၂၅×၄၂)ပေ ဝန်ထမ်းအိမ်ရာ တည်ဆောက် နေမှုများအား ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က အ‌ရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်မှ လာ‌ရောက် ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ထို့နောက် အ‌ရှေ့ပိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊‌ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌ ဦးအောင်မြတ်မိုးနှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ  အချိန်မီ ပြီးစီးရေးနှင့် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ကောင်းမွန်ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ နေအိမ် RC(၃)ထပ်(၂၇၀၀)စတုရန်းပေ (၃၀ x ၃၀ x ၃၀) ပေ တည်ဆောက်နေမှုမှာ ၇၀ ရာခိုင်နှုန်း နှင့် (၂)ခန်းတွဲ(၄)ထပ်(၅၁၀၀)စတုရန်းပေ(၅၁ x ၂၅ x ၄၂)ပေ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုမှာ ၃၀ရာခိုင်နှုန်း ပြီးစီးကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)