မုဒုံမြို့နယ်တွင်ကျေးရွာ(၄)ရွာ၌(CashForWork)စီမံကိန်းဖြင့်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း များ (၁၀၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

မုဒုံ စက်တင်ဘာ ၁၀

မွန်ပြည်နယ်မုဒုံမြို့နယ်တွင်Cash for Work စီမံကိန်းဆောင်ရွက်နေသောကျေးရွာလေးရွာ တွင် လုပ်ငန်းများ ဆောင်ရွက်နေမှုမှာ ယခုအခါရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မုဒုံ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

ကိုဗစ်-၁၉စီးပွားရေးထိခိုက်မှုသက်သာစေရေးစီမံချက် (CERP) အရCash for Work စီမံကိန်းကို မုဒုံမြို့နယ်ရှိ ကျုံပိုက်ကျေးရွာ၊ ကော့ခလွယ်ကျေးရွာ၊ ဘလောက်ကျေးရွာ၊ ဆက်သွယ်(ရွာသစ်)ကျေးရွာတို့၌လမ်းဘေးရေနုတ်မြောင်းတူးဖော်ခြင်း၊ကွန်ကရစ်လမ်းခင်းခြင်း၊ဂဝံမြေသားလမ်းခင်းခြင်းတို့ကိုဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ Cash for Work စီမံကိန်းကိုဇူလိုင်လ ၂၄ရက်မှ စတင်အကောင် ထည်ဖော် ဆောင်ရွက်ခဲ့ပြီးဩဂုတ်၃၁ရက်တွင်စီမံကိန်းလုပ်ငန်းများပြီးစီးခဲ့ရာ ယင်းစီမံကိန်းကြောင့် ကျေးရွာလေးရွာရှိပြည်သူ (၄၆၃)ဦးအလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ ရရှိခဲ့ ကြောင်းသိရသည်။

Cash for Work စီမံကိန်းသည်ကိုဗစ်-၁၉ကာလအတွင်း နိုင်ငံတော်၏ အရေးပေါ် တုံ့ပြန်ရေး အစီအစဉ်တစ်ခုဖြစ်ပြီးကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက် အကူပြုခြင်း၊ ပြည်သူများ ချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်ခြင်းနှင့် လယ်ယာ၊သားငါးကဏ္ဍဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့် စီမံကိန်းဖြစ်ကြောင်းသိရသည်။

အောင်မျိုးသူ(မုဒုံ)