မိုင်းရယ် ဇူလိုင် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အမှတ်(၆၇) ခြေမြန်တပ်ရင်းတွင် ပြုလုပ်ပေးသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစပ်ရေးကတ်ပြား ပြုလုပ်ပေးရာတွင် မိုင်းရယ်မြို့ အမှတ်(၆၇) ခြေမြန်တပ်ရင်းအတွင်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြုလုပ်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်နှင့်ဝန်ထမ်းများ ဆောင်ရွက်ပေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပါသည်။
မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မိုင်းရယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ဆက်)