ဆီဆိုင်မြို့နယ်၌ အမြင့်တင်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းပြီးစီး

ဆီဆိုင် စက်တင်ဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စုအတွင်းရှိ ဖက်နံကျေးရွာတွင် အမြင့်တင်ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်း ပြီးစီးပြီ ဖြစ်၍ ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို ဖူလုံစွာရရှိပြီဖြစ်သည်။

နားသံကျေးရွာအုပ်စု၊ ဖက်နံကျေးရွာ အိမ်ခြေ ၂၁၂ အိမ်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၅၀)ဖြင့် ရေထွက်ပင်းရင်းမှ အရှည်ပေ (၈၄၀၀)ရှိ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းနှင့် ကျေးရွာပြည်သူမှ ဂါလန် (၃၀၀၀)ဆံ့ ရေစုကန်()လုံး တည်ဆောက်ခြင်းနှင့် ဂါလံ(၅၀၀၀)ဆံ့ ရေလှောင်ကန်တစ်လုံးပြင်ဆင်ခြင်း လုပ်ငန်းပြီးစီးပြီဖြစ်သဖြင့် ယခုအခါ ဒေသခံပြည်သူများအတွက် သောက်သုံးရေ လုံလောက်စွာ ရရှိနေပြီဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)