ကျိုက်ထိုမြို့နယ် Community Center ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲ ပြုလုပ်

ကျိုက်ထို ဇူလိုင် ၁၈

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို  ယနေ့ နံနက်ပိုင်းက ကျိုက်ထို မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က မြန်မာတစ်မျိုးသားလုံးအတွက်  နေ့ထူး နေ့မြတ်များတွင် တစ်ခု အပါအဝင်ဖြစ်သည့် ဇူလိုင်(၁၉)ရက်နေ့တွင် ရောက်ရှိမည့်  အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊  မြန်မာ တစ်မျိုးသားလုံးအတွက်  အားကျ အတုယူ မမေ့သင့်သည့်  ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများနှင့် ယနေ့ခေတ်လူငယ်၊ လူရွယ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအပေါ် မျိုးချစ်စိတ်ဓာတ်များ  ထာဝစဉ် ကိန်းအောင်း နေစေရေးတို့ကို ဆွေးနွေး ဟော ပြောပေးသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည် ခေါင်း ဆောင်ကြီး (၉)ဦးတို့၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည် ခေါင်းဆောင်ကြီးများ လွတ်လပ်ရေး ရရှိအောင် ဆောင်ရွက်မှု စာအုပ်စာစာင်များ၊ မှတ်တမ်းများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ဖတ်ရှုခဲ့ကြောင်း သိရသည်။

၀င်းမောင်(ကျိုက်ထို)