အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

အမ်း ဇူလိုင် ၁၈

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌  ကျောင်းသား၊ ကျောင်းသူများဖြင့် ယနေ့ နေ့လည် (၁၂)နာရီအချိန်က  ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသား၊ ကျောင်းသူများကို အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် "အာဇာနည်နေ့ ဒို့မမေ့" ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ရောက်ရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းများနှင့် မိန့်ခွန်း ကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရစကားများ၊ အာဇာနည်(၉)ဦး သမိုင်းအကြောင်းအရာများအား ပြုစုရေးသားခဲ့ကြောင်း သိရှိရသည်။

စိုးမင်းထွန်း