(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို မိုးကောင်းမြို့ Community Centre ခန်းမ၌ကျင်းပ

မိုးကောင်း ဇူလိုင် ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ Community Centre ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲတို့ကို ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီနီလွင်က အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့အကြောင်းနှင့် မျိုးဆက်သစ် လူငယ်များ သင်ခန်းစာယူဖွယ်ရာများကို ဟောပြောပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက် ကျင်းပခဲ့သည်။

ယင်းနောက် လူများရှေ့ရဲဝံ့စွာ ပြောဆိုတတ်စေရန်၊ ဖတ်မှတ်စွမ်းရည်မြှင့်မားစေရန်၊ တွေးခေါ်မှုနှင့် ကောက်နုတ်ချက်များ လျှင်မြန်စွာချတတ်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆက်လက်ကျင်းပရာ တက်ရောက်လာသည့် အဌမတန်း ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးတို့က ဒေါက်တာသိန်းလွင်ရေးသားသည့် ကလေးတွေကိုချစ်ရင် မခြောက်ပါနဲ့၊ ပီတိ(ပေကြီး)ရေးသားသည့် ပြည်သူ့နီတိ၊ အကြီးကိုကို(ကသာ)ရေးသားသည့် ပြောပြချင်တဲ့လောကအမြင်၊ ဝင်းမြင့်မောင် ရေးသားသည့် Covid-19 သည် ချစ်တတ်သော နှလုံးသားကို နုပျိုစေသည်၊ မေကျော့ရှင်း ရေးသားသည့် ကလေးတို့ရေ လာကြလာကြ၊ ခင်စုစုစံရေးသားသည့် လူတွေဘာလို့ နောက်ရွှေ့ချင်နေတာလဲ စာအုပ်တို့ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ ဆုချီးမြှင့်ခဲ့သည်။

ထို့နောက် ခင်းကျင်းပြသထားသည့် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်တို့အား စိတ်ဝင်တစား ကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)