မိုင်းရှူးမြို့နယ်တွင်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ‌ဂိမ်းကစားပြိုင်ပွဲ ကျင်းပ

မိုင်းရှူး ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဂိမ်းကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်လေးလေးယုက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း ဟောပြောခဲ့သည်။ ယင်းနောက် ဂိမ်းကစားပြိုင်ပွဲများဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး တို့က ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုအသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများ  နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)