ထန်းတပင်၌ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များအား Software ရိုက်သွင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၁၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များအား Software ရိုက်သွင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

အိမ်ထောင်စုလူဦးရေစာရင်း (၃၆၇၁၉)စုကို သတ်မှတ်ရက်(၄၅)ရက်အတွင်းမှာ Software ရိုက်သွင်းခြင်းလုပ်ငန်း ပြီးစီးအောင်လို့ ဆောင်ရွက်သွားမှာပါ။ လက်ရှိလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေ၊ မြို့နယ်လဝက ရုံးဝန်ထမ်းတွေနဲ့ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီးတော့ ကွန်ပျူတာ(၉)လုံးနဲ့​ပေါ့ Software ထဲကို စာရင်းသွင်းတဲ့ လုပ်ငန်းဆောင်ရွက်နေပါတယ်ဟု ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးခင်ဆွေက ရှင်းပြသည်။

အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များအား Software ရိုက်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးအေးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကာ သတ်မှတ်ရက်အတွင်းလုပ်ငန်းများ အချိန်မှီပြီးစီးရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)