သီပေါမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

သီပေါ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး လူငယ်များအတွက် ပညာရေးသည် အဓိကရည်မှန်းချက် ဖြစ်ကြောင်း၊ပညာဆိုရာမှ စာပေသာမက အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာ၊စီမံခန့်ခွဲမှုပညာ စသည်ဖြင့် ပညာရပ်အမျိုးမျိုးရှိပါကြောင်း၊ လူငယ်ဘဝ ပညာသင်အရွယ်မှစ၍ မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ကိုက်ညီတဲ့ ရည်မှန်းချက် များရှိရမှာဖြစ်ကြောင်း၊ ထိုရည်မှန်းချက်ကို အဓိကထားပြီး ကြိုးစားရမှာဖြစ်ကြောင်း၊ တန်ဖိုးရှိတဲ့ အချိန်တွေအလကားမဖြစ်စေဘဲ အကျိုးရှိစွာကုန်ဆုံး စေလိုကြောင်း၊   ရည်မှန်းချက်ရှိသူနဲ့မရှိသူမှာ ဘဝတိုးတက်မှုကွာခြားပါကြောင်း စသည်ဖြင့် “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးခဲ့သည်။     

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက လူတစ်ယောက်မှာ အကျင့်စာရိတ္တကောင်းမွန်မှန်ကန်ဖို့က အရေးကြီးဆုံးဖြစ်ပါကြောင်း၊ ဘယ်လောက်ဘဲတော်တော် အကျင့်စာရိတ္တ မကောင်းရင် လူတော်တစ်ယောက်ဖြစ်မယ်။ သို့သော် လူကောင်းတစ်ယောက် မဖြစ်နိုင်ပါကြောင်း၊ စာရိတ္တကောင်းသူဟာ စိတ်ဓာတ်ကောင်းသူ ဖြစ်ပါကြောင်း၊ စိတ်ကောင်းရှိဖို့ဆိုသည်မှာ သူတစ်ပါးကို ချောက်မတွန်းဘူး။ သူတစ်ပါးပစ္စည်းမခိုးဘူး။ သူတစ်ပါးဒုက္ခရောက်အောင်မလုပ်ဘူး။ သူတစ်ပါးကိုကူညီတယ်။ အများအကျိုးအတွက်ဆောင်ရွက်တယ်။ အတ္တစိတ်နည်းပြီး ပရဟိစိတ်များတာကို ခေါ်ဆို ပါကြောင်း၊ စိတ်ကောင်းစေတနာကောင်းများ မွေးမြူသွားရမှဖြစ်ပါကြောင်း၊ စာရိတ္တကောင်းရုံ တင်မဟုတ်၊ စာရိတ္တလိပ်ပြာလုံဖို့၊ စာရိတ္တမာနရှိဖို့လည်းလိုအပ်ပါကြောင်း စသည်ဖြင့် “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)