တံတားဦး ဇူလိုင် ၁၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့စာကြည့် တိုက် ( Community Centre ) ခန်းမတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့် စကားအတိုင်း စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်ကာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်များ ဖြစ်ကြစေလိုကြောင်း၊ ဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်ရေးအတွက် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး အခြေခံပညာဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများက မိမိတို့လေ့လာမှတ်သားထားသော ရုပ်ပုံများကို ဆေးရောင်များဖြင့် ခြယ်သကြရာ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမှခင်းကျင်းပြသထားသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရစကားများ ၊ အာဇာနည်(၉)ဦး သမိုင်းကြောင်းများကို ဆရာ/မများ ၊ ကျောင်းသား/သူများက ဖတ်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။
ရဲတင့်