ကျိုက်ထိုမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

ကျိုက်ထို ဇူလိုင် ၁၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက (၇၅)နှစ်မြောက် အာဇာနည် အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူလွန်(၁) ကံ့ကော်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမွန်မှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ယ‌နေ့‌ခေတ်လူငယ်လူရွယ်များအနေဖြင့် အာဇာနည်နေ့ကို မမေ့သင့်တဲ့နေ့တနေ့ဖြစ်ကြောင်းတို့ကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်