လင်းခေး ဇူလိုင် ၁၈
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ဓာတ်ပုံနှင့် နံရံကပ်စာစောင်များခင်းကျင်းပြသခြင်းကို ကျိုင်းတောင်းမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့အတွင်းရှိ ကျောင်းသား/သူများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်း များရရှိစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခြင်း ဖြစ်ပါကြောင်းနှင့် နေ့ကြီးရက်ကြီးများကို အမှတ်ရနေစေခြင်း၊ ကျဆုံး သွားခဲ့သော အာဇာနည်ပုဂ္ဂိုလ်များ အကြောင်းအားအမှတ်ရနေစေခြင်း စသည့်ရည်ရွယ် ချက်များဖြင့် နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို ခင်းကျင်းပြသပေးခြင်းဖြစ်ပါကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်နံရံကပ်ဓာတ်ပုံ၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲသို့ ကျိုင်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း)ရှိ ဆရာ၊ ဆရာမများနှင့် Grade (9) ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ ကြကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)