မိုင်းငေါ့ ဇူလိုင် ၁၈
ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ (Talk Show)ပြုလုပ်ခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတိဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ် ဦးစီးမှူးဒေါ်မြင့်မြင့်သွယ်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်မှူး ဒေါ်မို့မို့က အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏ အတ္ထုပတ္တိများ အကြောင်းကိုလည်းကောင်းရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းငေါ့မြို့ရုံးအနေဖြင့် Online မှတဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ (Talk Show) များ၊ ပြိုင်ပွဲများကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)