ငါန်းဇွန် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့ နံနက် ၁ဝနာရီခွဲအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ သရဝဏ်(ပြည်)၊ ဦဘုန်း(ဓာတု)၊ ညီမင်းညို ရေးသားသည့် “လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်”စာအုပ်အား လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်း ကို အပတ်စဉ် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အသင်းဝင် ဒေါ်မို့မို့စံ၊ မတိုးတိုးသိန်းနှင့် မောင်အေးချမ်းဖြိုးတို့က “လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်”စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို ရှင်းလင်းဆွေးနွေးပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ အသင်းဝင် များနှင့်အတူ အလယ်တန်းအဆင့် ကျောင်းသား /သူများကလည်း အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)