သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စကားပုံဆက်၊ ဆေးရောင်ခြယ်နှင့်ပြိုင်ပွဲ အစီအစဉ်များပြုလုပ်

သထုံ ဇူလိုင် ၁၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စကားပုံဆက်၊ ဆေးရောင်ခြယ်၊ ပန်းချီဆွဲနှင့် ကလေးများပျော်ရွှင်စရာ အစီအစဉ်များကို ယမန်နေ့မွန်းလွဲပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလေးများ ပျော်ရွှင်ဖွယ်ရာအစီအစဉ်များ ကျင်းပရာတွင် မူလတန်း ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးတို့က စကားပုံဆက်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ခါးကွင်းလှည့်ခြင်း၊ ဂိမ်းများကစားခြင်း၊ စာဖတ်စွမ်းရည်ယှဉ်ပြိုင်းခြင်း စသည်တို့ကို တပျော်တပါး ပါဝင်ကစားခဲ့ကြပြီး သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများအသိပညာတိုးပွားပြီး ဉာဏ်ရည်မြင့်မားရေး၊ ကျန်းမာကြံ့ခိုင်ပြီး အနာဂတ်၏ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးတို့အတွက် ယခုကဲ့သို့ ပျော်ရွှင်ဖွယ်ရာအစီအစဉ်များ၊ အသိပညာပေး ဟောပြောခြင်းများ၊ စာအုပ်စာစောင်ပြသခြင်းများ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများတို့ကို လစဉ်ပုံမှန် စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)