တံတားဦးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ

တံတားဦး ဇူလိုင် ၁၇

ကျောက်ဆည်ခရိုင် တံတးဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်း အစည်းအဝေးခန်းမ၌ကျင်းပကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲတွင် မြို့မအခြေခံပညာအလယ်တန်းကျောင်း  ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီချိုက အမှာစကားပြောကြားပြီး  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/သူများအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် အာဇာနည်နေ့အကြောင်း အရာများကိုလည်းကောင်း မြို့မအလယ်တန်းကျောင်း အလယ်တန်းပြဆရာမ ဒေါ်မိမိခိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ မမေ့သင့်သည့် အာဇာနည်နေ့၊ အာဇာနည် ပုဂ္ဂိုလ်များ၏  အတ္ထုပ္ပတ္တိအကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမှာစကားများ အာဇာနည် စိတ်ဓာတ်ကို သိရှိပြီး အားကျအတုယူစေရန်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်ဓါတ်ပုံများကိုပြသပေးရာတွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ သမိုင်းဝင်မှတ်တမ်းများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ စကားများ၊ အာဇာနည်(၉)ဦး သမိုင်းကြောင်းများကိုပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာ ကြည့်ရှုကြပြီး သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဦးရဲတင့်