ကျောက်ဆည် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယမန်နေ့ ညနေ(၄)နာရီ(၃၁)မိနစ်အချိန်က ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုရား(၄)ဆူနှင့် စာသင်ကျောင်းဆောင်(၁)ဆောင် မျက်နှာကြက်များပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်သည် မန္တလေးတိုင်းဒေသကြီး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၃၄)မိုင်အကွာ၊ ကျောက်ဆည်မြို့၏ အနောက်တောင်ဘက်(၈)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၁.၅၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွင် ၉၆.၀၅ ဒီဂရီ အနက်(၂၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ဖောင်ရွာရပ်ကွက်အတွင်းရှိ စေတီ(၂)ဆူ၏ စိန်ဖူးတော်များမြေခခဲ့ပြီး စေတီ(၁)ဆူ ထီးတော်စောင်းခြင်း၊ စေတီ(၁)ဆူ ထီးတော်အက်ကွဲခဲ့ကြောင်းနှင့် ကတဲကျေးရွာအုပ်စု၊ ရန်ပုံနှစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ စာသင်ကျောင်းဆောင်(၁)ဆောင် မျက်နှာကြက် များပြုတ်ကျပျက်စီးခဲ့ကြောင်း သိရှိရပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး(၁၄)သိန်းငါးသောင်းကျပ် ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)