လမ်းမတော် ဇူလိုင်လ ၁၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်ရည်ရွယ်ကာ ပါးစပ်၊ နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၉) ရပ်ကွက် ၊ဇော်ဂျီလမ်း၌ ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ပါးစပ်၊ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလှုပ်ရှားမူကို လမ်းမတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မူဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က စျေးရောင်းချသူများ၊ စျေးဝယ်လာသူပြည်သူများ၊ ခရီးသွားပြည်သူများအား နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးပြီး ပါးစပ်နှာ ခေါင်းစည်း (Mask)အခု ၁၀၀၀ အား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သတင်းရသည်။
အောင်ဇော်ထွေး