သံတွဲ ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာလှုပ်ရှားမှုကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ရက်သတ္တပတ်သတ်မှတ် ဆောင်ရွက်လျက် ရှိရာ သံတွဲမြို့နယ်တွင် ယမန်နေ့ နံနက်မှစ၍ တောင်ညိုကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာမာမာအေး၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကောင်းမြတ်သူ တို့က တိရစ္ဆာန်ကူးစက်ရောဂါများဖြစ်သော ခွါနာ လျှာနာရောဂါ၊ အရေပြားအကျိတ်ရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါများနှင့် ပတ်သက် ၍ ပြည်သူများအား အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့သည်။
ထို့နောက် ကျွဲ၊ နွားအကောင်ရေ (၁၅၀)အား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ တိုင်းရင်းကြက်များအား အိုင်တူးမျက်စဉ်းခပ်ပေးခြင်းနှင့်ဝက်ခြံပိုးသတ်ဆေးဖြန်း သရုပ်ပြခြင်းများကို အသိပညာပေး ပြသခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများ၊ တိရစ္ဆာန် ကျန်းမာရေးလုပ်သားများ၊ ကျေးရွာတာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း ဒေါက်တာကောင်းမြတ်သူထံမှသိရသည်။
ခရိုင်ပြန်/ဆက်