မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများကျင်းပ

မိုင်းလုံ ဇူလိုင် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများကို ယမန်နေ့‌ ညနေပိုင်းအချိန်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများကို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ခွဲ၍ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို “အာဇာနည်နေ့တို့မမေ့” ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ကြပြီး ပန်းချီပြိုင်ပွဲကို မိမိတို့စိတ်ကြိုက် အာဇာနည်နေ့နှင့် သက်ဆိုင်သော ပန်းချီများကို‌ ရေးဆွဲယှဉ်ပြိုင်ခဲ့‌ကြောင်း သိရသည်။

အာဇာနည်နေ့သမိုင်းကြောင်းကို သိရှိစေရန်နှင့် ပန်းချီရေးဆွဲခြင်းကို စိတ်ဝင်စားစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း၊ စာစီစာကုံးပြိုင်ပွဲတွင် (၂၈)ဦး၊ကဗျာပြိုင်ပွဲတွင်(၄၀)ဦး၊ ပန်းချီ ပြိုင်ပွဲတွင်(၈၉)ဦး စုစုပေါင်း ကျောင်းသား/သူ (၁၅၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းကို  ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်ထံက သိရသည်။    

ဇော်ဇော်