မိုးကောင်း ဇူလိုင် ၁၇
၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၉)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို မိုးကောင်းမြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီတွင် ကျင်းပခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီနီလွင်က Talk Show ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ မိတ်ဆက် စကားပြောကြားပြီး မြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ Book Club အသင်းဝင် ဒေါ်ခင်သဇင်လင်းတို့နှင့်အတူ အာဇာနည်နေ့အကြောင်း အသိပညာပေးဆွေးနွေး ကြသည်။
အသိပညာပေး Talk Show တွင် အာဇာနည်နေ့ ဖြစ်ပေါ်လာရသည့်အကြောင်းအရင်း၊ အာဇာနည် စိတ်ဓါတ်၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေးအတွက် စည်းရုံးဆောင်ရွက်မှုများ၊ အာဇာနည်နေ့နှင့်ပတ်သက်၍ အနာဂတ်လူငယ် မျိုးဆက်သစ်တို့ အတွက် သင်ခန်းစာနှင့်အတုယူရမည့်အချက်များ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး