ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ရပ်ကွက်များအရောက် ကွင်းဆင်းထိုးနှံ

ဒဂုံမြောက် ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အမှတ်(၁၆)ရပ်ကွက်၊ အမှတ်(၃၀)ရပ်ကွက်၊ အမှတ်(၄၁) တိုးချဲ့ ရပ်ကွက်၊ ဓမ္မာရုံများတွင် ဆေးထိုးစုရပ် သတ်မှတ်၍ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် မီလွှမ်းခြုံနိုင်ရန် ထပ်ဆောင်းကာကွယ်ဆေး  မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက် ပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံသူ (၁၆)ရပ်ကွက်တွင်(၂၇၀) ဦး၊ (၃၀)ရပ်ကွက်တွင်(၃၃၃) ဦး၊ (၄၁)တိုးချဲ့ရပ်ကွက်တွင်(၄၅၀)ဦး၊ စုစုပေါင်း ပြည်သူ(၁၀၅၃)ဦးတို့အား  Covishield နှင့် Covaxin ကာကွယ်‌ဆေးများကို ကျန်းမာရေးဝန်ထမ်းများက  ကွင်းဆင်းထိုးနှံ‌ပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ် ကြက်ခြေနီ အသင်းဝင်များ၊ ရပ်ကွက် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြ‌ ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ