ဘူးသီးတောင် ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးမှဦးဆောင်၍ အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ၆၆/၆ Software.Programအတွင်း ထည့်သွင်းခြင်း ထပ်ဆင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျန်အေးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသား/သူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချသည်များကို စိတ်ဝင်စားစွာ သင်ယူကြရန်တို့အား မှာကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းက သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၀)ဦးတို့က ဌာနဆိုင်ရာဝန်ထမ်း သင်တန်းသား/သူ(၄၈)ဦးတို့အား လက်တွေ့သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)