ပုသိမ်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၁၇

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက်အာဇာနည်နေ့(အကြို)    ပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာအေးက ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားပြီးနောက် ပုသိမ်ကြီး (အ.ထ.က.) ကျောင်းရှိ ပဥ္စမတန်းနှင့် ဆဋ္ဌမတန်းမှ  ကျောင်းသား၊  ကျောင်းသူများက  ယနေ့တွင်ကျင်းပသည့် ပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုပြိုင်ပွဲများအား ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) တွင် ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  ဇူလိုင်လ ၁၉ ရက်နေ့ တွင်ကျရောက်သော အာဇာနည်နေ့၌ ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)