မိုင်းဖြတ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများခင်းကျင်းပြသခြင်းကို ဇူလိုင်လ ၁၅ရက် နံနက် ၁၀နာရီက အလက(ပါဆန်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလက(ပါဆန်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှဝင်းကြည်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က အာဇာနည်နေ့သမိုင်းအကြောင်း၊ အာဇာနည်စိတ်ဓာတ်နှင့် သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းက သဘာဘေးအန္တရာယ်များအကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေးပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသသည့် (၇၅)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းထွန်းအေး